| အကြောင်းအရာ | အောင်မြင်၊ စီးပွားတက်၊ အရာရာ အဆင်ပြေနေချိန် | ကျရှုံး၊ စီးပွားပျက် ၊ အလွဲလွဲ အချော်ချော် ဖြစ်နေချိန် |
ဘုရား
| အလုပ်တွေ များလွန်းလို့ အိမ်ကဘုရားကို တောင်မှ မှန်မှန် မရှိခိုးဖြစ်ပါဘူးဗျာ။ | ဟာ! ဘုရားစင်မှာ ပန်းတွေ ညှိုးနေပါလား။ ချက်ခြင်း လဲစမ်း ဟေ့။ ပန်းလဲပြီးရင် ရေချမ်းအသစ်ပါ ထပ်ကပ်ဦး။ ရှင်သီဝလိ ကိုယ်တော်ကိုပါ ရေချမ်းကပ်ဖို့ မမေ့နဲ့ဦးနော်။ |
တရား
| တရားအား ထုတ်ဖို့ အချိန် မပေး နိုင်သေးပါဘူးဗျာ။ ဒါပေမယ့် မသေခင်တော့ လုပ်ဖြစ်အောင် လုပ်မှာပါ။ သေရင် ကိုယ့်နောက် ပါမှာ ဒီတရားဘဲလေ။ လုပ်မှာပါ။ ဖြေးဖြေးပေါ့။ | အခု မနက်တိုင်း ဘုရားရှိခိုး ၊ ရေချမ်းကပ်ပြီး မိုးကုတ် ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်တော့ မှန်မှန် နာဖြစ်ပါတယ်။ ညဖက်ကိုလည်း မအိပ်ခင် နာရီဝက် လောက် တရားထိုင်ပါတယ်။ |
သံဃာ
| ဘုန်းကြီးတွေကြည့်လိုက်ရင် ကြည်ညိုစရာ တစ်ကွက်မှ မရှိဘူး။ ကြာလေ လူတွေ နဲ့ တူလာလေဘဲ။ | ဒီ ဆရာတော်ကြီးက သိပ်တန်ခိုးကြီးတာဗျ။ ကျွန်တော် သူ့ဆီ သွားပြီး သက်သတ်လွတ် (၇)ရက် အဓိဌာန်ဝင်လိုက်တာ နည်းနည်းတော့ အဆင်ပြေလာသလိုဘဲ။ သံဃာ့ ဂုဏ်ကျေးဇူး ကြီးပါတယ်ဗျာ။ |
စိတ်ပုတီးလေး တစ်ကုံး
| အိမ်က စိတ်ပုတီးလည်း “ချိတ်ပုတီး” ဖြစ်နေတယ် ဗျာ။ ဖုံ အလိမ်းလိမ်းနဲ့။ ဟဲဟဲ ။ အလုပ်က သိပ်များတာဗျ။ ပုတီးလည်း မကိုင်နိုင်ပါဘူးဗျာ။ | ဒီ စိတ်ပုတီးက “အဘ” ကိုယ်တိုင် သဒ္ဓိတင်ပေး ထားတဲ့ ပုတီးလေ။ အခု ဂုဏ်တော်ကွန်ချာ စေတီတည်နေတာ ဒုတိယဆင့် ပြီးသွားပြီ။ |
ဗေဒင် အပေါ် အမြင်
| လူတွေက ကိုယ့်အားကိုယ် မကိုးဘဲ ဗေဒင်ဆရာ ဆီဘဲ သွားနေကြတယ်။ အလကား လူဖျင်း ၊ လူညံ့တွေ။ အလုပ်ကောင်းကောင်းလုပ်မှ ကံကောင်း မှာပေါ့။ | အင်း ၊ ကံမကောင်းတာတော့ ကြာပြီ။ ဗေဒင်လေး ဘာလေးမေးပြီး ယတြာချေမှ ကောင်းမယ်ထင်တယ်။ စီးပွားတက်မယ့် အဆောင်ကောင်းတစ်ခုခု ရရင် သိပ်ကောင်း မှာဘဲ။ |
ဇနီး မယား ၏ မနော
| မောင် ရေ။ မောင့်လည်း တစ်နေ့တစ်နေ့ သားမယား အတွက် အလုပ်တွေချည်း ဖိလုပ်နေတာ သနားလွန်းလို့ “ခင်” တော့ ထမင်းတောင်မှ မြိုလို့ မကျပါဘူး။ ကနေ့ စောစောပြန်လာခဲ့ နော်။ မောင် ကြိုက်တတ်တဲ့ “မှိုဟင်း” နဲ့ “၀က်သားနီ” ချက်လေးတွေ ချက်ထားတယ်။ ဒါဘဲနော်။ ဖုန်းချ လိုက်မယ်။ Fly Kiss ! | အိမ်က လူကြီး ! တစ်နေ့ တစ်နေ့ ဒီဘုရားစင်ရှေ့ မှာဘဲ ထိုင်ပြီး အချိန်ကုန်မနေနဲ့ဦး။ ပိုက်ဆံလေး လဲ ထွက်ရှာဦး။ ဟိုတုန်းက ကိုယ် ကူညီထားတဲ့သူတွေ ဘယ်ရောက်ကုန်လဲ။ အိမ်မှာ ဆန်က ကုန်တော့မယ်။ ကလေးတွေ ကျူရှင်ခကလည်း တောင်းလှပြီ။ ဟင်း !စိတ်မောတယ်။ အိမ်ထောင်ရေးကံ မကောင်းလိုက် တာ။ |
သားသမီး များ၏ အပြော
| ငါတို့ အဖေကြီးက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကွ။ ဉာဏ်လည်းကောင်း အမျှော်အမြင် လည်းကြီး။ အဖေ့ကို အတုယူရမယ်။ | အိမ်က “ဘူတားကြီး” လား။ အလကား - အားအားရှိ ဘုရားခန်းထဲမှာဘဲ အချိန်ဖြုန်းနေတာပါ။ ငယ်ငယ် တုန်းက အထင်ကြီးခဲ့သမျှ အလကားဘဲ။ သူ့ခေတ် ကုန်သွားပါပြီ။ |
မိတ်ဆွေများ ၏ သဘော
| လူကြီးမင်း၏ အောင်မြင်မှုများအတွက် လှိုက်လှိုက် လှဲလှဲ ဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း . . ။ ကွန်ဂရက် ကျူလေးရှင်း။ “ဘာညာကွိကွ ကုမ္ပဏီများ” (သတင်းစာ တစ်မျက်နှာ အပြည့်) | ဟဲလို ? ဟုတ်ပါတယ် ? သြော် - ဟုတ်ကဲ့ . . မှတ်မိပါတယ်။ ဒါပေမယ့် အခု ကျွန်တော် အလုပ်သိပ်များနေလို့ နောက်မှ ဖုန်း ပြန်ဆက်ပေးမယ်နော်။ ( အင်း - ဒီငနဲတော့ ပိုက်ဆံ ချေးမလို့လားမသိဘူး၊ နောက်တစ်ခါဆို ဖုန်းပိတ် ပစ်လိုက်မှ) |
ကိုယ့်ရဲ့ အတွေးအမြင်
| ကိုယ်သာလျှင် ကိုယ့်ဘ၀ ဖန်ဆင်းရှင်။ ကိုယ့် ကံတရားကို ကိုယ်ကိုယ်တိုင်ဘဲ ဖန်တီးနိုင်တယ်။ အနာဂါတ် ဆိုတာ ကိုယ့်လက်ထဲမှာဘဲ ရှိတယ်။ | သြော် - ကိုယ်လုပ်တိုင်းသာ ဖြစ်ရင် လူတိုင်း သူဌေး ချည်းဘဲပေါ့။ ကံဆိုတာလည်း ရှိသေးတယ်။ “ကံပေးမှ ရ ၊ ကံ ကျွေးမှ ၀” ဆိုတာ တယ်မှန်ပါလား |
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
No comments:
Post a Comment